Aung. Powered by Blogger.

Translate

Welcome to all


"I would encourage to implement the development projects in vocational training, promoting adult literacy rate, infrastructure projects, health care ect., at our rakhine state .Government has just two hands which can not cover everything ."Rakhine Student at Philippine

"We want to pursue free trade agreements outside the country . Stronger bilateral trade relations could help Uruguay expand education, improve health care, and generate jobs with adequate salaries.”Tabaré Vázquez ,Uruguay President , 2006 .

"Individually all the adults need to literate and catch international standard education. Improving education is developing our country , training our adults for Human Resource development like Singapore which is country doesn't have too many resources but have many talented adults ." Rakhine Lecture at Yangon University,who is representative for Myanmar at ASEAN youth meeting in 2008 at Thailand .

Friday, September 4, 2009

If you are becoming over 50 years of age

အသက် (၅ဝ)နှစ်အတွင်းသို့ ရောက်ရှိလာသူများ အတွက် အသက်အာမခံသည် အရေးကြီးသော ကိစ္စတစ်ရပ် ဖြစ်သည်။


မော်တော်ကား အာမခံနှင့် ပတ်သက်၍ စေ့စေ့စပ်စပ် လေ့လာကြည့်ခြင်းသည် သင့်အတွက် အကူအညီ ဖြစ်စေမည်ဖြစ်သည်။မော်တော်ယာဉ် မတော်တဆ ဖြစ်မှုကြောင့် ရရှိသည့် ဒဏ်ရာအနာတရ အတွက် ထားရှိသည့် အာမခံကိစ္စတွင် သင့်အတွက် မည်သည့် အကျိုးကျေးဇူးများ ရရှိခံစားနိုင်သည် ဆိုသည့် အချက်သည်လည်း သင်သိထားသင့်သည့် အချက်များ ဖြစ်သည်။ စုံစုံလင်လင်၊ ပြည့်ပြည့်စုံစုံ၊ အချက်အလက်များ ပါဝင်သော ပေါ်လစီထားရှိခြင်းဖြင့် သင်သည် သင်၏ငွေကြေးကို ခြိုးခြံချွေတာရာ ရောက်သည်။ ယင်းသို့ ပြည့်စုံသော ပေါ်လစီထားရှိခြင်းဖြင့် သင့်မော်တော်ကားတွင် ဖြစ်ပေါ်သော ပျက်စီးဆုံးရှုံးမှုများ အတွက် ပြင်ဆင်စရိတ် ရရှိနိုင်ပေမည်။တရားရုံး၌ တရားတပေါင် ဖြစ်ပွားလျှင် သင်စုဆောင်းထားရှိသည့် ငွေအားလုံး ကုန်ဆုံးသွားနိုင်သည်။ ထို့ကြောင့် ပြည့်စုံလုံလောက်သော အာမခံပေါ်လစီ ထားရှိရန် လိုအပ်မည် ဖြစ်သည်။ သင်သည် တရားစွဲဆိုခံရခြင်းကြောင့် သင်၏ငွေကြေးများ ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရန် အကောင်းဆုံးသော နည်းလမ်းတစ်ရပ်မှာ အလုံးစုံခြုံငုံမိသော အာမခံ ပေါ်လစီ ဝယ်ယူထားရှိရန် ဖြစ်သည်။ ဤအာမခံပေါ်လစီသည် စရိတ်စက နည်းပြီး သင်၏ မော်တော်ကားနှင့် နေအိမ်တို့အတွက် ပေးလျော်ရန် တာဝန်ကို ပဓာနကျကျ အထောက်အကူ ပြုသည်။

သင်၏အိမ်နှင့် အိမ်တွင်းရှိ ပစ္စည်းများအတွက် အာမခံထားရှိသည့် အခါ သင်၏ အာမခံပေါ်လစီ၌ ဖော်ပြသော တန်ဖိုးသည် သင်ပြန်လျော်သည့် အစားထိုး ဆောက်လုပ်သည့်အခါ ကုန်ကျမည့်တန်ဖိုးကို ကာမိနိုင်ပါသလား။ သင်၏ အာမခံ ကိုယ်စားလှယ်အား အိမ်တန်ဖိုး ပြန်လည် တွက်ချက်ခိုင်းပါ။ ထို့နောက်သင်၏ အာမခံပေါ်လစီသည် ပြည့်စုံမှုရှိ၊မရှိ စီစစ်ပါ။ သင်၏ အာမခံပေါ်လစီသည် သင်တန်ဖိုးထားသော ပစ္စည်းများအတွက် အကျုံးဝင်ပါသလား။ ပစ္စည်းများအတွက် သင်အကျုံးဝင်စေလိုပါသလား။


ကျွမ်းကျင် နားလည်သော ပညာရှင်တစ်ဦး၏ အကူအညီရယူရန် သင်၏ အာမခံ အစီအစဉ်များကို ကျေညက်အောင် ပြန်လည် သုံးသပ်ပါ။ ၄င်းသည် သင်၏ မော်တော်ကား၊ နေအိမ်၊ အသက်၊ ကျန်းမာရေးနှင့် မသန်မစွမ်းဖြစ်မှု အာမခံများနှင့် ပတ်သက်၍ သင်ဆုံးဖြတ်ချက် ချမှတ်နိုင်အောင် အကူအညီပေးနိုင်မည် ဖြစ်သည်။ သင်တို့ ဇနီးမောင်နှံ နှစ်ဦးစလုံး အာမခံပေါ်လစီစာချုပ်ပါ ဖော်ပြ အကျုံးဝင်ချက်အားလုံးကို သိရှိထားရန်မှာ လွန်စွာ အရေးကြီးသည်။ပဿနာတစ်ရပ် ပေါ်ပေါက်ခဲ့သော် သို့မဟုတ် ငွေတောင်းခံမှု ပြုလုပ်ရန် ပေါ်ပေါက်ခဲ့သော် မည်သူနှင့် ဆက်သွယ်ရမည် ဆိုသော အချက်ကိုလည်း သိရှိထားရန် လိုသည်။

Ref: http://www.snapshot-news.com/ss/index.php?option=com_content&view=article&catid=131%3Avol2-no48&id=1332%3A2011-03-16-04-14-43&Itemid=113
Fifty Things To Do WhenYou Turn Fifty


No comments: